Sunday, October 12, 2008

ကွန်ပျူတာပိတ်ဖို့ Shortcut Icon တစ်ခုလုပ်ကြည့်မယ်....

ကဲဗျာ....ဒီလိုလေးလုပ်လိုက်ပါ....
desktop ရဲ့လွတ်နေတဲ့နေရာကို right-click လုပ် New ကိုသွား ပြီးရင် Shortcut ကို click လိုက်ပါ..

အဲ့ဒီ Type Location of the Item ထဲမှာ ဒါလေးကို SHUTDOWN -s -t 01 ထည့်လိုက်ပါ...
ဒီလိုပုံလေးပေါ်မယ်(windows vista မှာ) ဘာပဲဖြစ်ဖြစ်လုပ်ပုံကတော့အတူတူပါပဲ....



Next ကို click လိုက်ပါ..Shortcut ကို ကြိုက်တဲ့နာမည်ပေးပြီး Finish ကို click လိုက်ပါ....ကဲ
shut down မယ်ဆိုရင် အဲ့ဒီ Shortcut Icon ကို နိုပ်လိုက်ရင် ကွန်ပျူတာ ပိတ်သွားပါလိမ့်မယ်....

Windows Vista Taskbar မှာကိုယ့်နာမည်ထည့်ချင်ရင်


နာမည်ပဲမဟုတ်ပါဘူး..ကိုယ်ကြိုက်တဲ့စာသားထည့်လို့ရပါတယ်....ဘယ်မှာထည့်သလဲဆိုတော့...Vista's Main Clockရဲ့AM /PM နေရာမှာပါ....အဲလိုလုပ်ရင်..ဟာတော်ပြီ..လေကြောကရှည်နေဦးမယ်....လုပ်ကြည့်ရအောင်....
ဒီလိုသွားပါ....
“Start”>>“Control Panel”အဲ့ဒီမှာ (Control PanelHome )"the regular view" နဲ့ဆိုရင် “Clock, Language, and Region”>>“Regional and Language Options” နိုပ်...တကယ်လို့ "Classic view"နဲ့ဆိုရင်“Regional and Language Options” နိုပ်လိုက်ရင်ဒီလိုပုံပေါ်နေပါလိမ့်မယ်...“Customize this format” နိုပ်လိုက်

ပြီးရင် Time ထဲဝင် ..ဒီလိုပုံပြန်ပေါ်မယ်...

AM symbol နဲ့ PM symbol boxes ထဲက AM /PM ကိုဖျက်လိုက်.. ပြီးရင်နာမည်(သို့)စာသားတွေရိုက်ထည့် ပြီးရင် Apply /ok ပေါ့..ပြီးရင်Taskbar ပေါ် နာရီအနောက်က AM(သို့) PM နေရာမှာကိုယ်ရိုက်တဲ့စာသားပေါ်နေပါပြီ......။

ကိုအဲလာ ဆိုက်မှ ကူးယူ သိမ်းထားလိုက်ပါတယ်


Rest of your post ဒီစာကို Select ပေးပြီးရေးပါ...

Wednesday, May 21, 2008

Sound Editing Software


သီချင်းတွေကို ဖြတ်ညှပ်ကပ် လုပ်ချင်ရင်ဖြစ်ဖြစ်၊ Record လုပ်ထားတဲ့ sound file တွေကို edit လုပ်ချင်ရင် ဖြစ်ဖြစ် Audacity ဆိုတဲ့ software လေးကို သုံးကြည့်ပါ။ OpenSource ဆိုတော့ free download လုပ်လို့ ရပါတယ်။
(ကျမကတော့ ဒီ software သုံးပြီး ကိုယ်ကြိုက်တဲ့ သီချင်းတွေကို ဖြတ်ပြီး ringtone လုပ်ဖို့ သုံးတာ များပါတယ်။ ပိုက်ပိုက် မကုန်တဲ့ နည်းပေါ့။)

Audacity Windows Website မှာ download လုပ်ပါ။ ထုံးစံအတိုင်း next -> next -> next များကို နှိပ်ပြီး install လုပ်ရပါမယ်။

PDF နဲ့ Zawgyi-one

http://saturngod.mysteryzillion.com/?q=node&page=16

ဇော်ဂျီကို PDF ကောင်းကောင်းထုတ်လို့ရအောင် ၂ နေရာမှာ ပြင်လိုက်ရုံပါပဲ...
မခက်ပါဘူး.. မသိလို့ အရမ်းခက်နေတာပါ..

Print ထုတ်ဖို့ Acrobat Printer ကိုရွေးလိုက်ပါ...
Properties ကိုဝင်ပါ...
PDF Setting အောက်တွင်...
Rely on system font only; ကို uncheck လုပ်ပါ...

Paper/Quality Tab ကိုပြောင်းပါ...
Advance ကိုဝင်ပါ...
Post Script Option ကို ဖြည်လိုက်ပါ..
True Type Font Download Option ကို Bitmap ရွေးပါ..
ပြီးရင် OK လုပ်ပါ..
ပြီးရင် print ထုတ်ကြည့်ပါ..
အဆင်ပြေနေတာကို တွေ့ရပါမယ်..





Don't Install Nero 8.2 with custom Insall


typical install ဆို အဆင်ပြေတယ်ဗျ... custom install ဆို nero express မပါလာတော့ဘူး.. အဲမှာ သေတာပဲ.. သူမပါတော့ data ကို multi-session ကူးမရတော့ဘူး.. အခုတော့ ရွာပတ်နေတယ်.. 8 သွင်းပြီးတာ မှားပြီ... အခု 7 ပြန်သွင်းတာလည်း မရပြန်ဘူး.. ခက်၏... ခက်၏... 8 က typical ဆို အဆင်ပြေတယ်.. custom ဆိုလုံးဝကို အဆင်မပြေတော့တာ... အခုထက်ထိ 7 သွင်းနေတာ မရသေးဘူး.. ထပ်ကြိုးစားကြည့်အုံးမယ်.. 8 က hard disk နေရာယူတာ အရမ်းများတယ်.. typical သွင်းရင် 1.3 GB တောင်.. နည်းတာမဟုတ်ဘူး... အခုချိန်မှာတော့ 8 မသွင်းသင့်သေးဘူးလို့ထင်ပါတယ်... ကျွန်တော်ကတော့ ခေါင်းစားနေပြီ..

Installer တွေကလည်း install လုပ်ရင် ချက်ခြင်း တက်မလာပဲ Loading အရမ်းကြာတာဆိုးတယ်ဗျာ... နောက်ပြီး 7 ပြန်သွင်းတော့ ဘာ key မှ ထည့်လို့မရတာ တော်တော်ဆိုးတယ်ဗျို့.. အဲဒီအဆင့်မှာ တစ်နေတာ... nero 8 သွင်းမိတာ မှားပြီပဲ..



မှတ်ချက် ။ ။ http://saturngod.mysteryzillion.com/?q=node/230 မှကူးယူထားပါသည်။




Firefox အတွက် Zawgyi Setting နည်းလမ်းသစ်


firefox မှာ အကုန် ဇော်ဂျီပြောင်းလိုက်တော့ wininnwa တွေ မမြင်ရတော့ဘူး..
တခြား font တွေလည်း မမြင်ရတော့ဘူး..
နောက်ပြီး font တွေ အကုန်က ဇော်ဂျီဖြစ်နေတော့ English site တွေကြည့်ရတာ မလှတော့ဘူးဆိုရင်
firefox ကို အရင်အတိုင်း ပြန်ထားလိုက်ရအောင်... Tools -> Options... -> Content ကိုသွားလိုက်..

Font & Colors မှာ အရင်အတိုင်း Default font ကို Times New Roman ပြန်ထားလိုက်ပေါ့...
Advanced... ဆိုတာ ကိုနှိပ်လိုက်...
အရင်က ဟာကို အခု ပြောင်းထားတဲ့ လူတွေ မှတ်မိတော့မှာ မဟုတ်လောက်ဘူး..
ဒီတော့ ပုံထဲမှာ ကြည့်လိုက်တော့..

ကဲ.. အကုန်လုံးပြီးရင် OK -> OK လုပ်လိုက်ပေါ့...


address bar မှာ

about:config

ဆိုတာရိုက်လိုက်...

serif.x-unicode

ဆိုပြီး Filter မှာ ရိုက်လိုက်...

font.name.sans-serif.x-unicode မှာ Doubal Click နှိပ်လိုက် Arial ဆိုတာကို
Zawgyi-one, Arial ဆိုပြီးပြောင်းလိုက်

ပြီးရင် font.name.serif.x-unicode မှာ Doubal Click နှိပ်လိုက်Times New Roman ဆိုတာကို
Zawgyi-one, Times New Roman ဆိုပြီးပြောင်းလိုက်... အားလုံး OK မှာ ဆိုပြေသွားမယ်....
လေးထောင့်တုန်းလေးတွေ နေရာမှာ Zawgyi-one နဲ့ပြပေးတာကို တွေ့ရမှာပါ...
တကယ်လို့ အဲဒီ stie က wininnwa ဆို wininnwa နဲ့ပဲ ပြပေးပါလိမ့်မယ်..

မှတ်ချက် ။ ။ http://saturngod.mysteryzillion.com/?q=node/248 မှကူးယူထားပါသည်။



Sunday, February 3, 2008

သို့
သူငယ်ချင်း
ဒီစာကို ရူးသွပ်စွာဖြင့် ငါရေးသားလိုက်ပါတယ်
မင်းပြောမဲ့ စကားတွေ ငါကြားပါတယ် သူငယ်ချင်း
ငါ့မှာ
မောင့်လပြည့် ညလေးတွေမှာ
အိပ်စက်မှုတွေကို ကျော်ဖြတ်ခဲ့တယ်
အိမ်မက်တွေကို လိုက်ကောက်နေခဲ့တယ် သူငယ်ချင်း
မင်းပြောမဲ့စကါးတွေ ငါကြားပါတယ် သူငယ်ချင်း
သူငယ်ချင်း

ငါ့မှာ
အလင်းတွေ ရောင်စဉ်ဖျာနေတဲ့ရှေ့မှာ
ငုတ်တုတ်ကြီး အသက်ရှုကြပ်ခဲ့တယ်
လွင့်စင်လာတဲ့ ရောင်စုံပန်းတွေ ကြိုးသီနေခဲ့တယ် သူငယ်ချင်း
မင်းပြောမဲ့ စကါးတွေ ငါကြားပါတယ်သူငယ်ချင်း
သူငယ်ချင်း
ငါ့မှာ
အသံတိတ် ရောက်လာတဲ့ ခိုလေးတွေနဲ့
မိတ်ဆွေဖြစ်ရင်း စကါးပြောသင်နေတယ်
ကောင်းကင်အကြွေ လိုက်ကောက်နေခဲ့တယ် သူငယ်ချင်း
မင်ပြောမဲ့ စကါးတွေ ငါကြားပါတယ် သူငယ်ချင်း
သူငယ်ချင်း
ငါ့မှာ
ငါ့မှာ
ငါ့မှာ
ရူးသွပ်စွာဖြင့် ဒီလိုရေး လိုက်တယ် သူငယ်ချင်း
သူငယ်ချင်း... ... .. .


အချစ်(သူလေး)သည်....ငါ့နှလုံးသားကို...ချာချာလည်အောင်....ရူးသွပ်စေခဲ့ပြီ.....

သူလေးသည်...နှလုံးသားတစ်စုံလုံးကို...ပျော်စေ ငိုစေနိုင်အောင်ဖန်ဆင်းနိုင်သော...အချစ်မှော်ဆရာမလေးဖြစ်တယ်...

သူလေးသည်....အိပ်ပျော်နေသော...ငါ့ရဲ့ညများထဲက...စင်ဒရဲလား....နတ်သမီးလေးဖြစ်တယ်

သူလေးသည်.....ဟိုးးးးးးးးးး မိုးကုတ်စက်ဝိုင်းထဲ ကို ...ခေါ်ငင်နိုင်တဲံ့....စေတန်နတ်သမီးလေးလဲ ဖြစ်တယ်

သူလေးသည်.....တွင်းနက်နက်မှ...စိမ့်စမ်းရေလေးတွေ ...စီးဆင်းနိုင်တဲ့....မေတ္တာရှင်မလေးလဲ ဖြစ်တယ်

ဟိုမှာ ကြည့်လိုက်....လမင်းရဲ့ အပြုံးထဲမှာ...သူလေးရဲ့ သွားထက်လေးကို မြင်နေရတယ်....

ဟိုမှာကြည့်လိုက်.....မိုးကုတ်စက်ဝိုင်းအစွန်းရဲ့...ပန်းဥယာဉ်ထဲမှာ..သူလေးဖူးပွင့်နေတယ်

ဟိုမှာကြည့်လိုက်....ကိုယ့်ရဲ့ ရင်ခွင်အလယ်မှာ...သူလေးတစ်ယောက်...မှေးစက်အနားယူနေတယ်

ဟိုမှာ ကြည့်လိုက်...ကိုယ်တို့ ချစ်ကမ္ဘာကို... မျှော်ရောင်ကြည့်နေတဲ့...ဂြိုလ်နတ်အပေါင်း...ခစားနေတယ်

ဟိုမှာ ကြည့်လိုက်....ချစ်သူအပြုံးအောက်မှာ.....ကြယ်တာရာတွေ ...လင်းလက်စေတယ်

ဟိုမှာကြည့်လိုက်...ဆုတောင်ပြည့်ကုန်းပေါ်မှာ...ဆည်းလည်းပန်းတွေ...လေမှာဝဲပျံနေကြတယ်

ဟိုမှာကြည့်လိုက်...ဗေဒါပန်းကလေး....ကမ်းကပ်ချင်လို့...ဒီရေလှေလေးစီးလာနေတယ်

ဟိုမှာကြည့်လိုက်....

ဟောဟိုမှာကြည့်လိုက်....

ရူးသွပ်နေတဲ့ နှလုံးသားတစ်စုံ

လေလွင့် နေတယ်။ ။

အချစ်သည်....ငါ့နှလုံးသားကို...ချာချာလည်အောင်ရူးသွပ်စေခဲ့သည်။ ။

အချစ်ကြောင့် ရူးသွပ်မှုများ ကင်းဝေးနိုင်ကြပါစေ...
အချစ်ရူး။ ။
at 1:35 AM on Tuesday
12 Nov 1807

Tuesday, October 30, 2007

Windows Media Player has stopped working


သင့်ရဲ့ Windows Vista မှာ~

Windows Media Player has stopped working
လို့များ ပြနေခဲ့ရင်
ဒီလိုလေး လုပ်လိုက်ပါ။ ။

ကျနော်မှာ Nero တင်လိုက် ပြီးခတဲက တစ်ခုပြီး တစ်ခု ပြသနာ လာလာ တက်နေ
တော့တယ် ပြသနာ လာတက်တော့ မွှေနောက် ရပြန်တယ် ဒါလဲ ဖြစ်လေ့ ဖြစ်ထရှိ
ကြတာကို သွားတွေ့ ရပါတယ် တစ်ချို့ ဆိုရင် TV လိုင်းတွေ ချိတ်ထားရင်း ကော်ပီ
လုပ်ထားတဲ့ ဖိုင်တွေ ကို ဖွင့်ကြလို့ ဖြစ်ကြပါတယ် ဒီပြသနာ ကိုတော့ တော်တော်ရှာ
လိုက်ရတယ် ဘယ် Forum ကမှ ကောင်းကောင်းဖြေရှင် မပေးနိုင်တာ ကို တွေ့ရ
ပါတယ် The Vista Forum မှာ လဲ ဖြေရှင်း ပေးထားတာ မတွေ့ ရပါဘူး။ ။

ဘာလို့ ဖြစ်ရတာလဲ ဆိုတော့ WMP မဖတ်နိုင်တဲ့ Format တွေ ကို ဖတ်ရပါများလို့
ဖြစ်တာပါ အဲဒီမှာ လဲ နည်း ၂ နည်းရှိ ပါတယ် တစ်နည်းကတော့ Vista မှာ လုပ်လို့
မရပါဘူး ဘာဖြစ်လို့လဲ ဆိုတော့ System မှာ WMP ကို Reinstall လုပ်ပြီး ပြန်တင်
တဲ့အလုပ်ကို လုပ်ရမှာ ဖြစ်ပါတယ် Vista မှာတော့ ပြန်လုပ်ရတာ မလွယ်ပါဘူးလုပ်
ခဲ့ရင်လဲ အကုန် ပြုတ်မကြပါဘူး ပြန်ပြီး တင်တဲ့ အခါကြတော့ ပြသနာ ပြန်တက်လာ
တတ်ပါတယ် ဒါကြောင့် လွယ်လဲ လွယ်တဲ့ ဒီနည်းလေး ကို သုံးလိုက်ရင် အစင်ပြေပါ
တယ် ကျတော် ကတော့ ဒီ နည်းလေးကို ပဲ လုပ်လိုက်ပါတယ်။ ။

ဒါလေးကို လုပ်လိုက်ရင် အစဉ်ပြေ သွားတာတွေ့ရပါတယ်

_ Open Control Panel
_ Right Click on Speaker or Head set (song) မှာ open/ Box appear
_ Right Click on Speaker/ click Properties / box appear
_Select Enhancements
_Select Disable all song effects
_Click Ok.

ဒီလို လေးလုပ်ထားလိုက်ရင် ပြသနာဖြေရှင် ပြီးဖြစ်သွားပါတယ်
ထပ်သိစေချင်တာကတော့ System မှာ Error ဖြစ်တာတွေ ရှာတာလေးကို ရှာတဲ့
နည်းလေး ကိုလဲ သိထားသင့် ပါတယ် ဒီလိုလေးလုပ်ပြီး ကြည့်လို့ ရပါတယ်။ ။

>>> Click Start, Type 'command' in the search box,
when you see Command Prompt pop up in the list,
right click it and choose 'Run as Administrator' .
If you get a UAC prompt , allow the prompt.
That's going to open a command prompt (DOS box).
Type 'sfc /scannow' into the command prompt window and left it run.

Monday, October 29, 2007

Windows Sidebar disappeared...



Windows vista မှာ Sidebar တွေ ပျောက်သွာတာများ ဖြစ်ခဲ့ရင် vista က တစ်ခါ
တစ်လေ မှာ error တွေ ခဏ ခဏ ပြတတ်ပါတယ် တစ် ချို့ error တွေကို တော့
window က ဖြေရှင်း ပေး သွာတာတွေ ကို တွေရတတ်ပါတယ် တစ်ခါတစ်လေမှာ
တော့ window က ဖြေရှင်တာ တွေ က တော်တော်လေး အချိန် ကြာ မြင့် အောင်
စောင့် ရတတ်ပါတယ်။ ။

အချိန်ယူ ဖြေရှင်း နေတာကို မစောင့်ပဲ system ကိုပိတ်လိုက်တာတို့ ပြုလုပ်မိလိုက်
ရင် တစ်ခါတစ်လေ software များဖြုတ်ထုတ၊် သတ်ကလေးများ ပြုတာ၊ များသွာ
ခဲ့ရင် vista က sidebarတွေဖြုတ် ချပြစ်တတ်ပါတယ် ဖြစ်ခဲ့ရင် တော်တော်လေး
စိတ်လေဘို့ ကောင်းပါတယ်။
ို
တစ်ခါ ကတော့ ကျွန်တော့် မှာ ဖြစ်ခဲ့ ပါတယ် ဘာလုပ် ရမည် မသိ ဖြစ်နေတာ နဲ့
e-restore ပြုလုပ်လိုက်တော့ sidebar တွေ ပြန်ရလာပါတယ် နောက်တစ်ကြိမ်ထပ်
ဖြစ်ပါတယ် တော်တော်လေး စိတ် လေသွားပါတယ် vista ကို သုံးရတာ တော်တော်
လေးလဲ စိတ်ညစ်သွားပါ တယ် ဒီအတိုင်း လေးပဲ user သက်သက် ကလေး အနေနဲ့
ပဲ သုံးနေ ရတော့ မလို ဖြစ်နေ ပါတယ်။

ဒါနဲ့ ဟိုရှာဒီရှာ လုပ်လိုက်တော့ vista သုံး သူတော်တော် များများ ဖြစ်လေ့ ဖြစ်ထရှိ
မှန်းသိ လာပါ တယ် ထပ် ပြီးမွှေ နောက် ရှာ လိုက်တဲ့ အခါ မှာ ဒီအ ဖြေလေး ထွက်
လာ ပါတယ် ။

နောက်ြပီး ဖြစ်သွားခဲ့ ရင်လဲ ဒီလိုလုပ်လိုက်ရင် sidebar တွေ လွယ်ကူစွာဖြင့် ပြန် ရ
လာပါ တော့ တယ်။

လုပ်ရမှာ ကတော့ လွယ်လွယ်လေးပါ အရင်က ဘာ လုပ်ရမလဲ မသိ လိုသာ ခေါင်း
ကိုက်ခဲ့ ရတာပါ ဒီလိုလေး လုပ်လိုက်ရင် ပြန်ရပါတယ် လွယ်လဲ လွယ်ပါတယ်။

Window
Vista - Windows Sidebar Repair - Reinstall (MVP Daniel Martin)

Click Start/ All Program/ accessories/ (Right Click) on Command Prompt
and "Run as administrator".

Type These commands one by one;

Regsvr32 atl.dll [enter]

Regsvr32 "%ProgramFiles%\Windows Sidebar\sbdrop.dll" [enter]

Regsvr32 "%ProgramFiles%\Windows Sidebar\wlsrvc.dll" [enter]

Don't forget to restart windows



Windows Host Procerss (Rundll32) has stopped working



သင့်ရဲ့ ကွန်ပျူတာမှာ...Windows Host Process (Rundll32) has stopped working
လို့များ Error Message ပြခဲ့လို့ရှိရင် ဒီလိုလေး ဖြေရှင်လိုက်ရင် လွယ်ပါတယ်။

ကျွန်တော် ကွန်ပျူတာမှာ အဲလို လာပြနေတာ တနေကုန်အောင် ဖြေရှင် ယူလိုက်ရ
ပါတယ် အမှန်ကတော့ Nero ကို စက်ထဲမှာ ထည့်လိုက် လို့ အဲလို လာပြတာပါ
Media Player ကို ဖွင့်လိုက်တဲ့ အခါ ဒီလို Message က ပေါ်လာတာပါ။

Message ထဲမှာကတော့ ပလေးရာကို သေသေချာချာ စနစ်တကျ မပိတ်လို့ဖြစ်တာလို့ ပြော
ထားပါ စက်ကို Restart ပြန်လုပ်လိုက်ပါလို့ ပြောပါတယ်... အဲလို လုပ်ပေမဲ့ ပလေးရာကို ဖွင့်
လိုက်တာနဲ့ ဒီ Message က ပေါ်လာတော့တာပါပဲ။

ဒါကိုဖြေရှင် နိုင်တာ နည်း ၂ နည်းရှိပါတယ်....ကျွန်တော်ကတော့ ၂ မျိုးလုံးကို လုပ်ထားလိုက်
ပါတယ်။


ပထမအဆင့် အနေနဲ့ အဓိက လုပ်ရမှာက တော့ Data Execution Prevention ကို on ပေးရ
မှာဖြစ်ပါတယ် အဲ ဒီကောင်က System အောက်မှာရှိပါတယ်။

window XP နဲ့ window vista အလုပ်လုပ်တာချင်းမတူပါဘူး။

ဒါကြောင့် ၂ မျိုးလုံးအတွက် လုပ်လို့ရအောင် ဖော်ပြပေးလိုက်ပါတယ်။

Window XP အတွက် က

-Right click Computer, select properties ( or CP//System)

-Select Advanced system settings (in the left panel)
-Advanced tab (you should already be there)
-Click Settings under Performance
-Select the Data Execution Prevention Tab
-Select "Turn on DEP for all programs.....

Window vista အတွက် က

-Open ..System
- Advance system Settings
_ အဲဒီမှာ Box တစ်ခုကြလာပါ့မယ်...Box ထဲ က
Advanced/setting(Performance)/ Data Execution Prevention /
Turn on DEP for all programs and services ဆိုတာလေးကို select
လုပ်ပြီးရင် add မှာ rundell32.exe ကိုထည့်ပြီး ok / ok/
လုပ်လိုက်ရင် ပြီးသွားပါပီ။

နောက်တစ်ခုကို လဲ လုပ်ထားစေချင် ပါတယ်
အဲဒါလေး လုပ်ရတာ လွယ်ပါတယ်...

Window vista တင်ထားတဲ့ သူတွေ အတွက်တော့ လုပ်ထားသင့်ပါတယ်
Nero ကြောင့် ဖြစ်လာတဲ့ error လေးပါ ဒါကြောင့် Nero မှာပဲ လိုက်ပြင်လိုက်တာပိုကောင်း
ပါတယ် ဒါလေးကို လုပ်လိုက်ပါ

1.Go to computer, your main drive,program files,common files,Ahead,DSfilter.

2.Rename "NeroVideoProc.ax" ကို "1NeroVideoProc.ax" လို့ ပြောင်းလိုက်ပါ

3. Rename "NeroVideo.ax" ကို "1NeroVideo.ax" လို့ ပြောင်းလိုက်ပါ

အဲဒါတွေ ပြီးသွာရင်. .ပြီးပီပေါ့ဗျာ

ပျော်ရွှင်စွာ vista မှာပျော်မွှေ့ နိုင်ကြပါစေ။ ။