Wednesday, May 21, 2008

Sound Editing Software


သီချင်းတွေကို ဖြတ်ညှပ်ကပ် လုပ်ချင်ရင်ဖြစ်ဖြစ်၊ Record လုပ်ထားတဲ့ sound file တွေကို edit လုပ်ချင်ရင် ဖြစ်ဖြစ် Audacity ဆိုတဲ့ software လေးကို သုံးကြည့်ပါ။ OpenSource ဆိုတော့ free download လုပ်လို့ ရပါတယ်။
(ကျမကတော့ ဒီ software သုံးပြီး ကိုယ်ကြိုက်တဲ့ သီချင်းတွေကို ဖြတ်ပြီး ringtone လုပ်ဖို့ သုံးတာ များပါတယ်။ ပိုက်ပိုက် မကုန်တဲ့ နည်းပေါ့။)

Audacity Windows Website မှာ download လုပ်ပါ။ ထုံးစံအတိုင်း next -> next -> next များကို နှိပ်ပြီး install လုပ်ရပါမယ်။

PDF နဲ့ Zawgyi-one

http://saturngod.mysteryzillion.com/?q=node&page=16

ဇော်ဂျီကို PDF ကောင်းကောင်းထုတ်လို့ရအောင် ၂ နေရာမှာ ပြင်လိုက်ရုံပါပဲ...
မခက်ပါဘူး.. မသိလို့ အရမ်းခက်နေတာပါ..

Print ထုတ်ဖို့ Acrobat Printer ကိုရွေးလိုက်ပါ...
Properties ကိုဝင်ပါ...
PDF Setting အောက်တွင်...
Rely on system font only; ကို uncheck လုပ်ပါ...

Paper/Quality Tab ကိုပြောင်းပါ...
Advance ကိုဝင်ပါ...
Post Script Option ကို ဖြည်လိုက်ပါ..
True Type Font Download Option ကို Bitmap ရွေးပါ..
ပြီးရင် OK လုပ်ပါ..
ပြီးရင် print ထုတ်ကြည့်ပါ..
အဆင်ပြေနေတာကို တွေ့ရပါမယ်..





Don't Install Nero 8.2 with custom Insall


typical install ဆို အဆင်ပြေတယ်ဗျ... custom install ဆို nero express မပါလာတော့ဘူး.. အဲမှာ သေတာပဲ.. သူမပါတော့ data ကို multi-session ကူးမရတော့ဘူး.. အခုတော့ ရွာပတ်နေတယ်.. 8 သွင်းပြီးတာ မှားပြီ... အခု 7 ပြန်သွင်းတာလည်း မရပြန်ဘူး.. ခက်၏... ခက်၏... 8 က typical ဆို အဆင်ပြေတယ်.. custom ဆိုလုံးဝကို အဆင်မပြေတော့တာ... အခုထက်ထိ 7 သွင်းနေတာ မရသေးဘူး.. ထပ်ကြိုးစားကြည့်အုံးမယ်.. 8 က hard disk နေရာယူတာ အရမ်းများတယ်.. typical သွင်းရင် 1.3 GB တောင်.. နည်းတာမဟုတ်ဘူး... အခုချိန်မှာတော့ 8 မသွင်းသင့်သေးဘူးလို့ထင်ပါတယ်... ကျွန်တော်ကတော့ ခေါင်းစားနေပြီ..

Installer တွေကလည်း install လုပ်ရင် ချက်ခြင်း တက်မလာပဲ Loading အရမ်းကြာတာဆိုးတယ်ဗျာ... နောက်ပြီး 7 ပြန်သွင်းတော့ ဘာ key မှ ထည့်လို့မရတာ တော်တော်ဆိုးတယ်ဗျို့.. အဲဒီအဆင့်မှာ တစ်နေတာ... nero 8 သွင်းမိတာ မှားပြီပဲ..



မှတ်ချက် ။ ။ http://saturngod.mysteryzillion.com/?q=node/230 မှကူးယူထားပါသည်။




Firefox အတွက် Zawgyi Setting နည်းလမ်းသစ်


firefox မှာ အကုန် ဇော်ဂျီပြောင်းလိုက်တော့ wininnwa တွေ မမြင်ရတော့ဘူး..
တခြား font တွေလည်း မမြင်ရတော့ဘူး..
နောက်ပြီး font တွေ အကုန်က ဇော်ဂျီဖြစ်နေတော့ English site တွေကြည့်ရတာ မလှတော့ဘူးဆိုရင်
firefox ကို အရင်အတိုင်း ပြန်ထားလိုက်ရအောင်... Tools -> Options... -> Content ကိုသွားလိုက်..

Font & Colors မှာ အရင်အတိုင်း Default font ကို Times New Roman ပြန်ထားလိုက်ပေါ့...
Advanced... ဆိုတာ ကိုနှိပ်လိုက်...
အရင်က ဟာကို အခု ပြောင်းထားတဲ့ လူတွေ မှတ်မိတော့မှာ မဟုတ်လောက်ဘူး..
ဒီတော့ ပုံထဲမှာ ကြည့်လိုက်တော့..

ကဲ.. အကုန်လုံးပြီးရင် OK -> OK လုပ်လိုက်ပေါ့...


address bar မှာ

about:config

ဆိုတာရိုက်လိုက်...

serif.x-unicode

ဆိုပြီး Filter မှာ ရိုက်လိုက်...

font.name.sans-serif.x-unicode မှာ Doubal Click နှိပ်လိုက် Arial ဆိုတာကို
Zawgyi-one, Arial ဆိုပြီးပြောင်းလိုက်

ပြီးရင် font.name.serif.x-unicode မှာ Doubal Click နှိပ်လိုက်Times New Roman ဆိုတာကို
Zawgyi-one, Times New Roman ဆိုပြီးပြောင်းလိုက်... အားလုံး OK မှာ ဆိုပြေသွားမယ်....
လေးထောင့်တုန်းလေးတွေ နေရာမှာ Zawgyi-one နဲ့ပြပေးတာကို တွေ့ရမှာပါ...
တကယ်လို့ အဲဒီ stie က wininnwa ဆို wininnwa နဲ့ပဲ ပြပေးပါလိမ့်မယ်..

မှတ်ချက် ။ ။ http://saturngod.mysteryzillion.com/?q=node/248 မှကူးယူထားပါသည်။