
အခု ကျွန်တော် ဖော်ပြမယ့် အကြောင်းအရာကတော့ မိမိကွန်ပျူတာမှာ တစ်ခြားသူတစ်ယောက် မမြင်စေလိုတဲ့ Data တွေကို Caculator ထဲမှာ ထည့်သွင်းပြီး သိမ်းထားနိုင်တဲ့ နည်းလမ်းပဲ ဖြစ်ပါတယ်….Calculator ကတော့ Windows မှာပါရှိပြီသား Calculator မဟုတ်ပါဘူး…. Data တွေကို သီးခြားသိမ်းထားနိုင်အောင် စီမံထားတဲ့ အထူး Calculator ပဲဖြစ်ပါတယ်…..ဂဏာန်းပေါင်းစက်လိုလည်း အသုံးပြုနိုင်သလို Data တွေကို ဖွက်ထားဖို့ အတွက်လည်း အသုံးပြုနိုင်ပါတယ်……အထူးစီမံထားတဲ့ Calculator ကိုတော့ Ifile | Mediafireဒေါင်းယူနိုင်ပါတယ်…ဒေါင်းယူပြီး သွားပြီဆိုရင်တော့ အသုံးပြုနည်း အသေးစိတ်ကို တစ်ဆင့်ခြင်း ဖော်ပြပါ့မယ်……
၁။ Zip ဖိုင်ကို ဖြည်လိုက်ရင် Calc ဆိုတဲ့ Exe File ကို မြင်ရပါလိမ့်မယ်…ထို Calc ဆိုတဲ့ Exe ကို Double Click ပေးပြီး ဖွင့်လိုက်ပါ….ဖွင့်လိုက်တာနဲ့ အောက်ပါ ပုံအတိုင်း ရိုးရိုး Calculator ပုံစံအတိုင်း မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်……

၂။ ဒုတိယ အဆင့်အနေနဲ့ PIN Code ရိုက်ထည့်ဖို့ အတွက် 123 ဆိုတာကို အစဉ်လိုက် နှိပ်ပြီး MS ဆိုတာကို နှိပ်ပါ့မယ်….

၃။ တတိယ အဆင့်အနေနဲ့ Software ရဲ့ PIN Code ကိုရိုက်ထည့်ပြီးပြီ ဆိုတာနဲ့ အောက်ပါ ပုံအတိုင်း မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်…......

၎။ Safe mode ဆိုတာ ပေါ်လာတာနဲ့ Data တွေကို Store လုပ်ဖို့အတွက် ပြင်ဆင်ပါ့မယ်….Data တွေကို ပေါင်းထည့်ဖို့ အတွက် + (အပေါင်း) လက္ခဏာ ကို နှိပ်ပါ့မယ်……. အပေါင်း (+) ကို နှိပ်ပြီးတာနဲ့ STORAGE, ‘=’ to confirm ဆိုတာကို မြင်ရပါလိမ့်မယ်……

၅။ Confirm လုပ်ဖို့အတွက် ညီမျှခြင်း (=) လက္ခဏာ ကို ဆက်နှိပ်ပါ့မယ်…. ညီမျှခြင်း (=) လက္ခဏာကိုနှိပ်ပြီးတာနဲ့ Data Store လုပ်ဖို့အတွက် Box တစ်ခု ပေါ်လာပါလိမ့်မယ်….ထို Box မှတစ်ဆင့် မိမိ သိမ်းထားလိုတဲ့ Data တွေကို ရွေးချယ်ပြီး Store ဆိုတာကို Click ပေးလိုက်ပါ…..

၆။ Store ကို Select လုပ်လိုက်တာနဲ့ Application က အလိုလျှောက် Data တွေကို Store လုပ်ပေးပါလိမ့်မယ်….Calc –Tmp ဆိုတာလေး ပျောက်သွားအောင်ထိ စောင့်နေလိုက်ပါ… Calc –Tmp ဆိုတာလေး ပျောက်သွားပြီဆိုတာနဲ့ File Stored: File name (Date) နဲ့ပြသပါလိမ့်မယ်….

၇။ ယခုဆိုရင် မိမိသိမ်းထားချင်တဲ့ Data တွေကို Calculator ထဲမှာ သိမ်းထားပြီးသွားပါပြီ…Calculator ကို ပိတ်မယ်ဆိုရင် ပိတ်လို့ရပါပြီ…..
၈။ မိမိ သိမ်းထားတဲ့ Data တွေကို ပြန်လည်ကြည့်ရှုနိုင်ဖို့အတွက် Calculator မှာရှိတဲ့ ခလုတ်တွေရဲ့ Command တွေကို သိရှိဖို့ လိုအပ်ပါတယ်…Calculator ကို စဖွင့်ပြီ ဆိုကတည်းက အမြဲတမ်း PIN Code ရိုက်ထည့်မှသာ Data Store လုပ်တဲ့အပိုင်းကို စတင်လုပ်ဆောင်မှာ ဖြစ်ပါတယ်…ဒီနေရာမှာ PIN Code ပြောင်းနည်းလေးကို တစ်ချက်ပြောပြပါ့မယ်….ပုံမှန်အတိုင်း 123 ဆိုပြီး မူလ PIN Code ကိုရိုက်ထည့်ပြီး မိမိ အသုံးပြုချင်တဲ့ PIN Code ကိုပြောင်းလဲဖို့ အတွက် New PIN ဆိုတာကနေ မိမိပြောင်းလဲချင်တဲ့ PIN Code ကိုပြောင်းလဲနိုင်ပါတယ်…..
၉။ အခုဆိုရင် PIN Code လည်း ပြောင်းလဲတတ်သွားပြီဆိုတော ခလုတ်တွေရဲ့ လုပ်ဆောင်နိုင်မှုကို ပြောပြပါ့မယ်…..လုပ်ဆောင်နိုင်မှု အသေးစိတ်ကို သိရှိဖို့ အတွက် PIN Code ရိုက်ထည့်ပြီး Safe Mode ကို မြင်ရတာနဲ့ Active ဖြစ်နေတဲ့ ခလုတ်တွေကနေတစ်ဆင့် ကြည့်ရှုနိုင်ပါတယ်….Active ဖြစ်နေတဲ့ ခလုတ်တွေကတော့ (+, -, *, /,1/x, sqrt, MC, MS, New PIN, Status,Help) တို့ပဲဖြစ်ပါတယ်…ထို ခလုတ်လေးတွေပေါ်မှာ Mouse ကို တင်လိုက်တာနဲ့ လုပ်ဆောင်နိုင်မှု အသေးစိတ်ကို Label စာသားလေးတွေနဲ့ ဖော်ပြမှာပဲ ဖြစ်ပါတယ်…..

ထို Label စာသားများကို ဖတ်ရှုပြီး မိမိလုပ်ဆောင်လိုတာတွေကို လုပ်ဆောင်နိုင်ပါတယ်….သူငယ်ချင်းများအားလုံး စမ်းသပ်ရင်း ပျော်ရွှင်နိုင်ကြပါစေဗျာ…..
အသုံးပြုနည်း အသေးစိတ်ကို PDF File နဲ့ သိမ်းထားချင်တယ်ဆိုရင်တော့ ဒီမှာယူနိုင်ပါတယ်....
No comments:
Post a Comment