
ဘာဖြစ်လို့လဲဆိုတော့ External HDD ကို Partition ခွဲပြီးရင် Format ချဖို့လိုပါတယ်။ အခြား Window Vista, XP နဲ့ဆို GBများရင် များသလောက် Format အတွက်ကြာတတ်ပါတယ်။ Window 7 နဲ့ဆို အရမ်းကို သွက်လက်မြန်ဆန်ပါတယ်။ Partition ခွဲပြီးတာနဲ့ ချက်ချင်း Automatic ချပေးတယ်။
အဆင့် (၁) ။ ၀ယ်လာတဲ့ External Hard Disk ကို ကွန်ပျူတာ ဖြင့်ချိတ်ဆက်လိုက်ပါ ။ ပြီးလျှင် My computer အား Right Click ထောက်၍ Manage အား ၀င်ပါ ။
အဆင့် (၂) ။ Computer Management Box ကျလာလျှင် Disk Management အားနှိပ်ပါ ။ ကျွန် တော်ဝယ်လာတာကတော့ ၃၂၀ ဂစ်ပါ ။ ဒါပေမယ့် အမှန်တကယ်ပါလာတာတော့ ပုံမှာ မြင်တဲ့ အ တိုင်းပါပဲ ၂၉၈.၀၉ ဂစ်ပဲပါလာပါတယ် ။ မိမိတို့ဝယ်တဲ့ ပမာဏပေါ်မှုတည်ပြီး ဖော်ပြပေးပါလိမ့်မယ် ။ တစ်ချို့ အမျိုးအစားတွေကလည်း သူတို့ ဖော်ပြသလောက် ၃၂၀ ဂစ် ဆို ၃၂၀ ဂစ် အပြည့်အ၀လည်း ပါပါတယ် ။ တစ်ချို့ကျတော့လည်း အပြည့်အ၀ ပါချင်မှပါပါမယ် ။ အနီးစပ်ဆုံးတော့ ပါပါတယ် ။
အဆင့် (၃) ။ ၂၉၈.၀၉ GB ဟုပြနေသော အကွက်ထဲတွင် Rick Click ထောက်၍ New Partition ၀င် ပါ ။
အဆင့် (၄) ။ Next ပေးပါ ။
အဆင့် (၅) ။ Primary partition အားရွေး၍ Next ပေးပါ ။
အဆင့် (၆) ။ ဤနေရာတွင် မိမိ External Hard Disk တွင်ပါသော ဂစ်ပမာဏ ကို မီဂါဗိုက်ဖြင့် ဖွဲပြထားခြင်း ဖြစ် ပါ တယ် ခင်ဗျာ ။ မိမိ ခွဲချင်သလောက် ဂစ်ပမာဏ ကို မီဂါဗိုက်ဖွဲ့၍ ထည့်ပါ ။ ကျွန်တော်က ပထမဆုံး ပါ တေးရှင်းကို ဂစ် ၄၀ ထားမှာ ဖြစ်တဲ့အတွက် ၁၀၂၄*၄၀=၄၀၉၆၀ ဟုတ်ထည့်ထားခြင်း ဖြစ်ပါတယ် ခင်ဗျာ ။ မိမိထားချင်သော ဂစ်ပမာဏကို ၁၀၂၄ ဖြင့်မြှောက်၍ မီဂါဗိုက် ဖွဲပါခင်ဗျာ ။ ၁ ဂစ်လျှင် ၁၀၂၄ မီဂါဗိုက် ဖြစ်ပါတယ် ။ မိမိထားချင်သော ပမာဏကို ထည့်ပြီးလျှင် Next ပေးပါခင်ဗျာ ။
အဆင့် (၇) ။ မိမိခွဲချင်သော ပါတေးရှင်အား မိမိစိတ်ကြိုက် J , K , M , L နာမည်ပေးပါခင်ဗျာ ။ ပြီးလျှင် Next ပေးပါ ။
အဆင့် (၈) ။ File system မှာ NTFS ရွေး၍ Next ပေးပါခင်ဗျာ ။
အဆင့် (၉) ။ Finish ပေးပါခင်ဗျာ ။
အဆင့် (၁၀) ။ ပုံတွင် ပြထားတဲ့အတိုင်း ပါတေးရှင်းတစ်ခု တည်ဆောက်ပြီးသွားပါပြီခင်ဗျာ ။ ပထမအ ကန့်ထဲမှာ ကျွန်တော်တို့ ခွဲထားသလောက် ၄၀.၀၀ GB ဆိုတာကိုပြနေပြီး ။ ၂၅၈.၀၉ GB ကတော့ ပါတေးရှင်းမခွဲရသေးပဲ ကျန်နေတဲ့ အပိုင်းဖြစ်ပါတယ် ခင်ဗျာ ။ နောက်ထပ်ခွဲချင်တဲ့ ပါတေးရှင်းတွေကို လည်း ပထမနည်းအတိုင်း ခွဲသွားပါခင်ဗျာ ။
အဆင့် (၁၁) ။ ဒါကတော့ ကျွန်တော် External Hard Disk ကို ပါတေးရှင်း ၄ ခုခွဲထားခြင်း ဖြစ်ပါ တယ်ခင်ဗျာ ။
ပထမပါတေးရှင်း J - ၄၀.၀၀ ဂစ်
ဒုတိယပါတေးရှင်း K - ၈၆.၀၀ ဂစ်
တတိယပါတေးရှင်း L - ၈၅.၈၉ ဂစ်
စတုထ္တပါတေးရှင်း ၈၆.၁၅ ဂစ် ပြနေပါတယ် ။ ကျန်တဲ့ ပါတေးရှင်တွေမှာ အပြာ ရောင်ပြနေပြီ စတုထ္တပါတေးရှင်း မှာ အနက်ရောင်ပြတာကတော့ စတုထ္တပါတေးရှင်းကို အဆင့်(၃) မှ အဆင့် (၉) အတိုင်းပြုလုပ်ပါ ။
အဆင့် (၁၂) ။ ပါတေးရှင်း ၄ ခုလုံးအပြာရောင်ပြသွားတဲ့ အခါမှာတော့ My Computer အားဖွင့်၍ ကျွန်တော် တို့ ခွဲထားတဲ့ ပါတေးရှင်းတွေကို Format ချမယ့် အပိုင်းဖြစ်ပါတယ်ခင်ဗျာ ။ My Computer ကိုဖွင့်လိုက်တဲ့ အခါမှာ ကျွန်တော်တို့ တည်ဆောက်ထားတဲ့ ပါတေးရှင်အသစ်တွေဟာ ပမာဏ ဘယ်လောက်ရှိတယ် ဆိုတာ ပြမှာ မဟုတ်ပါဘူးခင်ဗျာ ။ မိမိစက်ထဲမှာ ရှိတဲ့ ပါတေးရှင်းတွေ ရဲ့  ပမာဏကိုပဲပြမှာဖြစ်ပါတယ် ။ မိမိတို့ တည်ဆောက်ထားတဲ့ ပါတေးရှင်းတစ်ခုခုကို Right Click ထောက်၍ Format အားနှိပ်ပါ ။
အဆင့် (၁၃) ။ ပါတေးရှင်းအား ပထမဆုံးအကြိမ် Format ချမှာ ဖြစ်တဲ့အတွက် Quick Format အား အမှန်ခြစ်ပေး၍ Start ပေးလိုက်ပါခင်ဗျာ ။
အဆင့် (၁၄) ။ Start ပေးလိုက်တဲ့အခါမှာ အောက်မှာ ပြထားသလို ပေါ်လာမှာဖြစ်ပါတယ် ။ Format ချတဲ့အခါမှာ Hard Disk ထဲမှာရှိတဲ့ ဒေတာတွေကို ဖျက်ပစ်မှာဖြစ်တယ်လို့ ပြောချင်ဖြစ်ပါတယ် ။ ကျွန် တော်တို့က ပထမဆုံးအကြိမ်ဖော့မက်ချခြင်းဖြစ်တဲ့အတွက် partition ထဲမှာ ဘာဒေတာမှ မရှိသေးပါ ဘူး ။ အဲဒီအတွက်ကြောင့် ကျွန်တော် တို့ Ok ပေးလိုက်ပါခင်ဗျာ ။
အဆင့် (၁၅) ။ Format Complete ပေါ်လာတဲ့အခါမှာ ကျွန်တော်တို့ ပါတေးရှင်းအသစ်ကို Format ချခြင်းအပိုင်း ပြီပါပြီခင်ဗျာ ။
အဆင့် (၁၆) ။အခုဆိုကျွန်တော်တို့ အသစ်တည်ဆောက်ထားတဲ့ partition အားလုံး Format ချပြီး သွားပါပြီခင်ဗျာ ။ အခုချိန်ကစပြီးတော့ ဒေတာတွေကို ပါတေးရှင်းအသစ်ထဲကို စထည့်လို့ရပါပြီခင်ဗျာ ။
No comments:
Post a Comment